Sunday, January 3, 2016

Galaxy E5 ဖုန်းအတွက် 5.1.1 Lollipop ဗားရှင်းကို Root လုပ်ချင်တဲ့
ညီအကိုတွေအတွက် အဆင်ပြေသွားအောင် တင်ပေးလိုက်ပါပြီ။

ဒီဖုန်းအတွက်လည်း အသင့်ထွက်ရှိလာတဲ့ Auto Root File ဖြင့် Odin နေ
အလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။

Galaxy E5 အတွက် SM-E500F/SM-E500H နှစ်မျိုးကို Root ဖောက်ယူနိုင်ပါပြီ
Root ဖောက်လိုတဲ့ညီအကိုတွေကတော့ အောက်ကလင့်မှာရယူလိုက်ပါ။

Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin

Samsung USB Driver for Windows


CF-Auto-Root for Galaxy E5 SM-E500F

CF-Auto-Root for Galaxy E5 SM-E500H

CF-Auto-Root ဖြင့် Root လုပ်နည်း
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)



0 comments:

Post a Comment