Wednesday, February 3, 2016










adb command
----------------------
1 - adb devices = Phone နဲ့ Computer ချိတ်မိ မမိစစ်ခြင်း

2 - adb reboot = Phone ကို Normal Mode အခြေနေကနေ Power ပိတ်သွားအောင် Power ပိတ်သွားပြီး 
Normal Mode အခြေနေကို ပြန်ရောက်စေသော Command Line ပါ ။

3 - adb reboot recovery = Normal Mode အခြေနေကနေ Recovery Mode အခြေနေကို ရောက်စေသော Command Line ပါ ။

4 - adb reboot bootloader = Normal Mode အခြေနေကနေ Fastboot Mode ကို ရောက်စေသော Command Line ပါ ။

5 - fastboot reboot = Fastboot Mode ကနေ ထွက်စေသော Command Line ပါ ။

အထက်ပါ adb Command Line ( ၅ ) မျိုးကို adb Command ကနေ Batch ( bat ) ကို ကူးပါမယ် ။ 
ဘာဖြစ်လို့ Bat ကို ကူးရတာလည်းဆိုတော့ command Line ရိုက်ရပြင်းတဲ့အခါမျိုး ၊ အမြန်လိုတဲ့ အခါမျိုးမှာ 
သုံးရအဆင်ပြေအောင် One Click နှိပ်လိုက်ယုံနဲ့ မိမိလိုချင်သော Command Line အတိုင်း လုပ်ဆောင်နိုင်လို့ပဲ ဖြစ်ပါတယ် ။

တစ်နည်း ပြောရရင် Bat ဆိုတာ One Click Installer ပါ ။ Click တစ်ချက်ခေါက်လိုက်ယုံနဲ့ အဆင်ပြေစေလို့ပါ ။

adb command to bat command
------------------------------------------
1 adb devices = ဒီ Command ကို bat အနေနဲ့ ပြောင်းပါမယ် ။

@echo off
adb devices
pause

အထက်ပါ Command သုံးကြောင်းကို Notepad ထဲတွင် ကူးထည့်ပြီး ( Photo ( 1 ) ) Notepad ရဲ့ Menu bar မှ 
File --- Save As ( Photo ( 2 ) ) အဲ့ဒီမှာ မိမိသိမ်းမည့် bat ကို Location ရွေးပေးလိုက်ပါ ဥပမာ Desktop ပေါ့ ။
 ပြီးရင် အောက်ဆုံး File Name ဆိုတဲ့နေရာမှာ အခုက bat လုပ်တာမို့ နောက်ဆုံး Extension ကို .bat လို့ပြောင်းပေးလိုက်ပါ ။ 
ဥပမာ - adb devices.bat ပေါ့ ။ ပြီးရင် Save ပါ ( Photo ( 3 ) ) ။

ဒါဆိုရင် Desktop မှာ မိမိသိမ်းထားသော adb devices.bat လေးကို Phone ချိတ်ပြီး ဖွင့်ကြည့်လိုက်ပါ ။ Phone နဲ့ ချိတ်လို့  
Device မသိဘူးဆိုရင် List of devices attched ဆိုပြီး ပြနေပါမယ် ။ ( Photo ( 4 ) ) ၊ Devices သိပြီဆိုရင် 
LNS855USIRON8TNF device ဆိုပြီး Device ရဲ့ ID No ပေါ်နေပါမယ် ။ ( Photo ( 5 ) ) ၊

ဒါဆို adb command ကနေ Bat ကို ပြောင်းတာ သိလောက်ပါပြီ ။

2 adb reboot
@echo off
adb reboot
pause
3 adb reboot recovery
@echo off
adb reboot recovery
pause
4 adb reboot bootloader
@echo off
adb reboot bootloader
pause
5 fastboot reboot
@echo off
fastboot reboot
pause
bat command မှာ ဘာဖြစ်လို့ @echo off နဲ့ စပြီး pause နဲ့ အဆုံးသတ်ရတာလည်းဆိုတော့
"@echo of " ဆိုတာကတော့ မိမိ Save ထားသည့် bat file ၏ Location ကို မဖော်ပြချင်တဲ့ အခါမှာ သုံးပါတယ် 
ဥပမာ ။ ။ Local C \Users \ PC Name\ Desktop \ folder Name စသဖြင့် တသီတတန်းကြီး ပေါ်နေပါမယ် 
အမြင်ရှင်းအောင် @echo off ဆိုပြီး ပေါ်လာတာတွေကို မပေါ်အောင် လုပ်လိုက်တာပါ . . .

" pause " command သည် လုပ်ဆောင်မှုကိုခဏရပ်နားစေရန်စေခိုင်းခြင်းဖြစ်ပြီး မိမိ bat Command Box ကို 
လိုအပ်ချက်များ ပြင်ဆင်ရန် ရပ်တန့်စေခြင်းဖြစ်ပြီး Keyboard မှ ခလုတ်တစ်ခုကို နှိပ်လိုက်မှသာ ပျောက်သွားပါမည် ။

bat to exe change
--------------------------
အခုအဆင့်ကတော့ adb command ကနေ bat ကိုပြောင်းထားသော bat တစ်ခုကို exe အနေနဲ့ လုံးနည်းဖြစ်ပါတယ် ။ 
bat to exe ပေါ့ ။

အသုံးပြုရမည့် Tool က Bat_To_Exe_Converter Tool ပါ ။
Tool ကို အဲ့ဒီ Link မှာ down ပါ ။ ပြီးရင် Tool ကိုဖွင့်ပါ ( Photo ( 6 ) ) မိမိနဲ့ သက်ဆိုင်တဲ့ System ကို ရွေးပါ 
ကျွန်တော်ကတော့ Window 7 System 32bit နဲ့ နမူနာပြပေးပါမယ် ။ Bat_To_Exe_Converter.exe ကိုဖွင့်ပါ 
ဘယ်ဘက်ထောင့် အပေါ်ဆုံးနားမှာ Batch File ဆိုပြီးတွေ့ပါမယ် ( Photo ( 7 ) ) အဲ့ဒီကနေ မိမိ Save ထားသော 
မိမိ exe ပြောင်းချင်သော bat ကို ရွေးပေးလိုက်ပါ ။ ပြီးရင် ညာဘက်အောက်နားက Architecture ဆိုတဲ့ နေရာမှာ 
System 32 ဆို 32 / System 64 ဆို 64 ရွေးပေးလိုက်ပါ ပြီးရင် Complie ကို နှိပ်လိုက်ပါ ဒါဆို bat ကို exe အနေနဲ့ 
လုံးနေပါမည် ပြီးသွားပြီဆိုရင် Compiling ဆိုပြီး အမဲရောင်ဘောင်ကွက် အနေနဲ့ပေါ်နေပါမည် ။ ( Photo ( 8 ) ) 
ဒါဆို Bat file ထားတဲ့ Folder မှာ exe file လေးတစ်ခုရောက်နေပါမည် ။ အဲ့ဒီ exe ကတော့ မိမိလိုချင်သော 
မိမိပြောင်းလိုက်သော bat to exe လေပါ ။ ကျန်တဲ့ Command တွေကိုလည်း ဒီနည်း အတိုင်း 
adb to bat , bat to exe ပြောင်းရင် စမ်းသပ်လေ့လာဖို့ အတွက် အကြံပြုရင် User များ အတွက် တစ်စုံတစ်ရာ 
အကျိုးထူးမယ်ဆိုရင်ဖြင့် ကျွန်တော် အချိန်ကုန်ခံ Bill ကုန်ခံ လက်အညောင်းခံပြီး ရေးသားရကြိုး နပ်ပြီပေါ့ခင်ဗျာ 
ဟီးဟီး စတာဘာ စတာဘာဗျာ ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ မေတ္တာဆုမွန်ကောင်း တောင်ပေးလိုက်ပါတယ်ဗျာ ။
Sai Linn Aung




0 comments:

Post a Comment